ဆေးတက္ကသိုလ်(၁)ရန်ကုန် ယာယီတက္ကသိုလ်ကောင်စီ
ပညာရေးဆိုင်ရာအထောက်အထား စာရွက်စာတမ်းများ လျှောက်ထားတောင်းခံခြင်းဆိုင်ရာ ကြေညာချက်

ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁)ရန်ကုန် ယာယီတက္ကသိုလ်ကောင်စီသည် တော်လှန်ရေးကာလအတွင်း ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ တက်ရောက်ဆဲဖြစ်သော CDM ကျောင်းသား/သူများအတွက် သက်ဆိုင်ရာအတန်း အလိုက် သင်ကြားရေးကိစ္စရပ်များကိုဆောင်ရွက်ပေးနေပြီး CDM ကျောင်းသား/သူဟောင်းဆရာဝန်များအတွက် လိုအပ်သော ပညာရေးဆိုင်ရာအထောက်အထား စာရွက်စာတမ်းများကိုလည်း တတ်စွမ်းသမျှ ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိသည်။

ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ CDM ကျောင်းသား/သူများနှင့် ကျောင်းသား/သူဟောင်းဆရာဝန်များသည် အောက်ဖော်ပြပါ ပညာရေးဆိုင်ရာအထောက်အထား စာရွက်စာတမ်းများကို လျှောက်ထားနိုင်သည်။
(၁) ကြားကာလဘွဲ့/ဒီဂရီလက်မှတ် (Interim Graduation Certificate)
(၂) ပညာရေးသက်သေခံချက် (Testimonials)
(၃) အမှတ်စာရင်း (Transcripts)

အထက်ပါပညာရေးဆိုင်ရာအထောက်အထား စာရွက်စာတမ်းများအပြင် နိုင်ငံတကာပညာရေးနှင့် လုပ်ငန်းအဖွဲ့အစည်း များမှ ပညာရေးအထောက်အထား မူလရင်းမြစ်အတည်ပြုခြင်းလုပ်ငန်းစဉ် (Primary Source Verification) များကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ မူလရင်းမြစ်အတည်ပြုခြင်းလုပ်ငန်းစဉ်များ အစဉ်ပြေချောမွေ့စေရေး အတွက် ကျောင်းသား/သူဟောင်းဆရာဝန်များအနေဖြင့် နိုင်ငံတကာပညာရေးနှင့် လုပ်ငန်းအဖွဲ့အစည်းများထံသို့ လျှောက်ထားခြင်းမပြုမီ ကျွန်ုပ်တို့ယာယီတက္ကသိုလ်ကောင်စီထံသို့ ကြိုတင်၍ ဆက်သွယ်ပေးရန်လိုအပ်သည်။ ကြိုတင်ဆက်သွယ်ထားခြင်းမရှိသော ကျောင်းသား/သူဟောင်းဆရာဝန်များ၏ မူလရင်းမြစ်အတည်ပြုခြင်းကို ကျွန်ုပ်တို့အနေဖြင့် ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အသိပေးအပ်သည်။

ပညာရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများလျှောက်ထားရန်နှင့် မူလရင်းမြစ်အတည်ပြုခြင်း လုပ်ငန်းစဉ်အတွက် ကြိုတင်ဆက်သွယ်ရာတွင် မော်ကွန်းမှတ်တမ်းဌာန (records@um1yangon.org) အီးမေးလ်ထံသို့သာ ဆက်သွယ်ရန် တစ်ပါတည်း ကြေညာအပ်သည်။