ဆေးတက္ကသိုလ် (၁) ‌ကျောင်းသားသမဂ္ဂ

ဆေးတက္ကသိုလ်(၁)ကျောင်းသားသမဂ္ဂသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ စတင်ဖွဲ့စည်းခဲ့သော ဆေးတက္ကသိုလ်(၁) ကျောင်းသားကျောင်းသူများကို ကိုယ်စားပြုရပ်တည်သည့် တစ်ခုတည်းသော ပင်မကျောင်းသားအဖွဲ့အစည်းကြီးဖြစ်သည်။ ဆေးတက္ကသိုလ်(၁)ကျောင်းသားသမဂ္ဂတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ရွေးကောက်တင်မြှောက်ထားသော ဥက္ကဌ နှင့် ဥက္ကဌမှ ရွေးချယ်အတည်ပြုသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟူ၍ ဖွဲ့စည်းဆောင်ရွက်သည်။

ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂသည် ဆေးတက္ကသိုလ်(၁) ကျောင်းသားကျောင်းသူများကို ကိုယ်စားပြုပြီး ကျောင်းအုပ်ချုပ်ရေးနှင့် ကျောင်းသားကျောင်းသူများအကြား ချိတ်ဆက်ဆောင်ရွက်သည်။
– ကျောင်းသားများ ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိစေရန်၊
– တက္ကသိုလ်တွင်းဆိုင်ရာ လူမှုရေး ပညာရေး ယဉ်ကျေးမှု တီထွင်ဆန်းသစ်မှုကိစ္စရပ်များအပေါ် ကျောင်းသားစိတ်ဝင်စားမှု တိုးမြှင့်ပေးရန်၊
– ကျောင်းသားများအတွက် ပိုမိုခေတ်မှီတိုးတက်သော နိုင်ငံတကာအသိအမှတ်ပြု ဆေးပညာရပ် သင်ကြားရေးစနစ်ကောင်းတစ်ခု ဖြစ်ထွန်းစေရန်နှင့် ပြည်သူလူထုကို အမှတ်တကယ် အကျိုးပြုသည့် ဆရာဝန်ကောင်းများ ပေါ်ထွက်လာစေရန်၊
– တက္ကသိုလ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ပေါ်ထွန်းလာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဦးတည်ဆောင်ရွက်သည်။

ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂသည် ယခုတော်လှန်ရေးကာလတွင်လည်း ကျောင်းသားများနှင့်အတူ အမှန်တရားဘက်မှ တစ်သားတည်း ခိုင်မာစွာရပ်တည်ပြီး စစ်အာဏာရှင်အကြမ်းဖက်အဖွဲ့ နှင့် အလိုတူအလိုပါ အပေါင်းအပါများအား အပြစ်ပေးကြိုးစင်တင်နိုင်သည်အထိ အစွမ်းကုန်ကြိုးစားတော်လှန်သွားမည်ဖြစ်သည်။ ဆက်လက်၍ ကျောင်းသားထုအသံအား အစဉ်အမြဲနားစွင့်ကာ ယခုထက်ပိုပို၍ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရန် အစဉ်အမြဲ ကြိုးစားဆောင်ရွက်သွားမည်ဟု ကတိပြုပါသည်။

ဆေးတက္ကသိုလ် (၁) ‌ကျောင်းသားသမဂ္ဂ၏ လူမှုကွန်ရက် စာမျက်နှာသို့ သွားရောက်ရန်